ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းများမှ ဆရာမများအတွက် ကစားနည်းသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နံနက်ပိုင်းက ဓမ္မစေတီလမ်း အိမ်တွင်းမှုအသက်မွှေးလုပ်ငန်းပညာသင်ကျောင်း (၃) ထပ်ဆောင်၌ ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဇနီးနှင့် ဝန်ကြီးများ၏ဇနီးများ၊ တိုင်းခရိုင်မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ စုစုပေါင်းသင်တန်းသူ (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်ဆက်)