မြန်အောင် မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ညနေ ၃ နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ Gas မီးငြှိမ်းသတ်ခြင်း၊ အသီးအရွက်ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တစ်စီးနှင့်မီးသတ်ရေသယ်ယာဉ် (၁) စီး၊ ဒေသပိုင်မီးသတ်ယာဉ်တစ်စီး၊ ပါရမီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် စျေးမီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေခြည်စျေးဆိုင်ခန်းများအတွင်း အသုံးပြုနေသော လျှပ်စစ်မီးကြိုးများ အန္တရာယ်ကင်းရှင်းရေး၊ စျေးအတွင်းအသုံးပြုနေသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်းရှိ/ မရှိနှင့်နေခြည်စျေးအတွင်း တပ်ဆင်ထားသော အရေးပေါ်ရေပိုက်ခေါင်းများ ကောင်းမွန်ခြင်း ရှိ/မရှိ တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဝင်းဗိုလ်