ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပုဇွန်တောင် မတ်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင်းရှိ ဌာနဆိုင်ရာရုံးများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယ‌နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား မီးလောင်မှုမဖြစ်ပွားစေရန် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးလောင်လွယ်သည့်ပစ္စည်းများ စနစ်တကျထားသိုသိမ်းဆည်းရန် နည်းလမ်းများ191 Report Application အသုံးပြုနည်းအား ရှင်းပြခြင်းနှင့် မီးလောင်မှုဖြစ်ပွားလာပါက အနီးဆုံးမီးငြှိမ်းသတ်ရေးပစ္စည်းများအား အသုံးပြု၍ အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး ရှိ/မရှိတို့ကို အသိပညာပေး‌ဟောပြောခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြသ၍ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်