ပုဇွန်တောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းများ လိုက်လံဆောင်ရွက်

ပုဇွန်တောင် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ လူ‌နေရပ်ကွက်များ ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ပြည်သူများ မီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများမရှိစေရေး မီးဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ကြ‌စေရန် ရည်ရွယ်၍ မီးသတ်ယာဉ်ပေါ်တွင် ဆရာတော်သံဃာ(၅)ပါးပင့်ဆောင်၍ မြို့နယ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်အတွင်းလှည့်လည်ပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်ရေပက်ဖျန်းခြင်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်