သင်္ဃန်းကျွန်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲအား သတ္တမအကြိမ်မြောက် ဖြေဆိုခြင်းအား ကျိုက္ကစံဆံတော်ရှင်စေတီရင်ပြင်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။
သာသနပါလစာမေးပွဲအား ၂၀၂၆ ခုနှစ် မတ်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့ထိ (၅) ရက်တိုင် ကျင်းပပြုလုပ်မည်ဟု သိရသည်။အဆိုပါစာမေးပွဲအား စာဖြေသံဃာ၊ သီလရှင် (၄၉၀) ပါးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းခြင်းအား ၂၀၂၆ ခုနှစ်မတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်။ စာအောင်ဆုတစ်သိန်ကျပ်မှ သုံးသောင်းကျပ်ထိ ဆုအမျိုးအစား (၆) ခု ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ စေတနာရှင်၊ ကုသိုလ်ရှင်များအနေဖြင့် ကျိုက္ကစံစေတီ ရင်ပြင်တော်မဏ္ဍပ်၌ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇော်မိုး