အလုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေများ‌ပေးအပ်

အလုံ မတ် ၆

အလုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း (၁) နာရီအချိန်က စောရန်ပိုင်တောင်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သည့်ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င် ‌ဗိုလ်မှူးဌေးကြွယ်နှင့် မြို့နယ်ထောက်ပံ့ရေးအဖွဲ့တွင်ပါ၀င်သည့် ဌာနဆိုင်ရာများမှ အလုံမြို့နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှပေးအပ်သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နို၀င်ဘာလနှင့် ဒီဇင်ဘာလ (၃) လစာအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်အလိုက် ဖွဲ့စည်းထားသည့် အဖွဲ့ခေါင်း‌ဆောင်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ ‌ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ရဲကိုကိုနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး အဆိုပါအဖွဲ့များမှ သက်ဆိုင်ရာရပ်ကွက်အလိုက် ထောက်ပံ့ငွေများကို နေရပ်စွန့်ခွာပြည်သူများလက်၀ယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)