ကော့မှူးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းနှင့် ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များကျန်ရှိမှုမရှိစေရေး လိုက်လံစစ်ဆေး

ကော့မှူး မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ ပွင့်လင်းရာသီ ကာလမီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များနှင့် ဈေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးဖိုများကို အိမ်ပေါ်တွင် ထားရှိသုံးစွဲခြင်းမပြုရန်၊ မိမိတို့အိမ်တွင် အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်နှင့် လူစောင့်မရှိပါက လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားကြရန်၊ မီးသွေး ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် စသည့်မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး၊လုံခြုရေးမီးလိုင်းမှအပ မလိုအပ်သောလျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများစနစ်တကျချထားစေရေးနှင့် အခြားသောမီးဘေးလုံခြုံရေးကိစ္စရပ်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်+ သန္ဓေ(၇)ဦး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ီးဘေး ်ဝါ (ပျော်ဘွယ်)ကြစို့။

 

          မောင်ထည်ဝါ(ပေါ်ဘွယ်)ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ စျေးတာဝန်ခံ ဦးအေးသွင်နှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့်စစ်ဆေး၍ မီးငြှိမ်းသတ်ယာဥ် (၁) ဖြင့် အသိပညာ​ပေးဆော်သြခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)