ဟင်္သာတ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်း၊ ဟင်္သာအဝိုင်းအနီးတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးဇော်မင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူးရဲမှူး သန်းကျော်ဋ္ဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးမိုးကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများမှ “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” “World Consumer Right Day” “၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့”၊ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ”(Safe Product, Confident Consumers” စသည့် စာသားများ ရေးသားပါရှိသည့် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား ပူးပေါင်းစိုက်ထူခဲ့ကြပြီးနောက် ခရိုင်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ဆိုင်းဘုတ်အား အမွှေးနံသာဖြင့် ပတ်ဖြန်းခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဇော်မင်းဦးဆောင်၍ ဝန်ထမ်းများမှ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင် (၃၀၀) ခုတို့အား ပြည်သူများထံသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)