အမရပူရမြို့နယ်၌  တက္ကသိုလ်ဝင်တန်းစာစစ်ဌာနအနီး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး 

အမရပူရ   မတ် 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအနီးတွင် မီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးသည်။

မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန များအနီးတွင် မီးလောင်မှု မီးလန့်မှုများမဖြစ်ပေါ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်မျိုးထက်နှင့် တပ်ဖွဲဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လျှပ်စစ်မီးကြိုးနှင့် မိန်းခလုတ်ခုံများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မီးငြှိမ်းသတ်ရန် ရေရရှိနိုင်မှု အခြေအနေများ၊  ကြိုတင်ကာကွယ်ရေးပစ္စည်းများအားစစ်ဆေးခြင်းနှင့်  191 application အသုံးပြုပုံများအား ရှင်းလင်းပြသခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)