ရန်ကုန် မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် (၃၈) ဖြာမင်္ဂလာ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ဘာသာရေး၏ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန် ရည်ရွယ်၍ အခမဲ့သင်တန်းကို အမှတ် (၄)ရပ်ကွက်၊ အမှတ် (၉) အခြေခံမူလတန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ရာတွင် ကမာရွတ်မြို့နယ် အမှတ်(၉)အခြေခံမူလတန်း ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာမ ဓမ္မရတိသာသနာပြုအဖွဲ့ ဥက္ကဌ ဒေါ်စောသန္တာက သင်တန်းတွင် သင်ကြားမည့် Level များအလိုက် သင်ကြားပို့ချမည့်သင်ခန်းစာများနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပါ သည်။
အဆိုပါသင်တန်းသို့ ကမာရွတ်မြို့နယ် အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၇၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ (၆) ရက်နေ့မှစတင်၍ တစ်လတိတိမနက် (၉) နာရီမှ (၁၂) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက် )