မြောက်ဥက္ကလာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မြောက်ဥက္ကလာပ မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးချင်း ပေးအပ်ခဲ့ကြသည်။ 

မြောက်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက်(၁၉)ခု၊ ယာယီနေရပ်စွန့်ခွာပြည်သူအိမ်ထောင်စု ၄၄၂ စုရှိ လူဦးရေ ၁၄၃၆  ဦးရှိရာ တစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် အောက်တိုဘာ၊ နို၀င်ဘာနှင့် ဒီဇင်ဘာလလများအတွက် သုံးလစာ ငွေကျပ် ခြောက်သောင်းကျပ် စုစုပေါင်း ငွေကျပ် ၈၆၁၆၀၀၀၀ ကျပ်တိတိအား ရပ်ကွက်အလိုက် ရက်များခွဲ၍ လက်၀ယ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ရာ ခရီးလွန်နေသူများကိုလည်း သတ်မှတ်ရက်များတွင် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)