အိမ်မဲ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့က ကျင်းပခဲ့ရာ ရွေးကောက်ပွဲမတိုင်မီ၊ ကျင်းပနေချိန်နှင့် ကျင်းပပြီးချိန်များတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲပေးစက်များအား installation ဆောင်ရွက်ပေးသူများအား ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် အထွေထွေရွေးကောက်ပွဲအရာရှိ ဦးနိုင်ဝင်းစိုးက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအပိုင်း(၂)တွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်ဂုဏ်ပြုစကားများနှင့် ချီးမြှင့်ငွေပေးအပ်မည့် အစီအမံများကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး ချီးမြှင့်ငွေပေးအပ်ပွဲကျင်းပရာ မြောင်းမြခရိုင်ရွေးကောက်ပွဲအရာရှိ၊ အိမ်မဲမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဆွေသက်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၆၃၁)ဦးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ (၆၀)ဦးတို့အား စုစုပေါင်းငွေကျပ် (၁၉၅၃၀၀၀၀)အား ပေးအပ်ခဲ့သည်။
ချစ်သက်လယ်