မရမ်းကုန်း မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ဉာဏရောင်စဉ်လူမှုပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စွာက ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန် (၅)ရပ်အနက်မှ တစ်ခုဖြစ်သော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၌ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်အခြေအနေများအကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဉာဏရောင်စဥ်လူမှုပြန်လည်ဖွံဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ သော်ဇင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲမှရရှိလာသော အကျိုးကျေးဇူးများမှတစ်ဆင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဉာဏရောင်စဉ်အဖွဲ့မှ တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများ၊ ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)နှင့် လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(ရန်ကုန်)တို့မှ အရာထမ်း၊ အမှုထမ်းများ၊ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)