ချမ်းမြသာစည် မတ် ၇
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ/ဆရာမများပူးပေါင်းကာ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပြင်ဆင်နေရာချထားမှုအခြေအနေများကို ယမန်နေ့မွန်းလွဲ ၁ နာရီက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အနေဖြင့် အ.ထ.က (၇)၊ အ.ထ.က(ခွဲ)(၁၃)၊ အ.ထ.က(ခွဲ)(၃)၊ အ.ထ.က(၃၀)၊ အ.ထ.က (၃၄)နှင့် အ.ထ.က (၂၈) စာစစ်ဌာန ၆ ခုရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်သာယာရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များ၊ စာမေးပွဲဖြေဆိုမည့် စာရေးခုံ၊ ထိုင်ခုံများ စနစ်တကျနေရာချထားမှုအခြေအနေများ၊ လျှပ်စစ်မီးမပြတ်စေရေး စသည့်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇံဖြူ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၉၉၂ ဦးရှိကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်၊ ပြန်/ဆက်)