ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌   အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား

ခရမ်း မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီအခြေခံကာတွန်းရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နေ့လယ် (၂)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  သင်တန်းနည်းပြဆရာ ပန်းချီပညာရှင် ပန်းချီ-ဌေးဝင်းက ကျောင်းသား/သူများအား သင်ကြားပြသပေးသွားမည့် အခြေခံကာတွန်းရေးဆွဲနည်းများနှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားပြီးနောက် စာတွေ့၊ လက်တွေ့ သင်ကြားခဲ့သည်။

အဆိုပါ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း(အခမဲ့)သို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀) ဦး တက်ရောက်ပြီး သင်တန်းကာလကို မတ်လ (၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ နေ့စဉ် နေ့လယ် (၂) နာရီမှ ၃ နာရီ ၃၀ မိနစ်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။  

ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)