မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ ဝန်တွင်း‌ကျေးရွာတွင် CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး

မင်းတုန်း ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ဝန်တွင်း‌‌ကျေးရွာတွင် ‌ ယမန်နေ့ နေ့လယ် ၁ နာရီက ၂၀၂၀ မိုးရာသီ CERP Plan အရ အကျိုးဆောင်တောင်သူတောင်သူဦးသိန်း‌အောင်၏လယ်မြေ စံပြစိုက်ကွက်တွင် မှော်ဘီ(၂) စပါးမျိုးစေ့ထုတ် စိုက်ခင်း အား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုး နည်းပညာများ ကူညီ‌ပေးခဲ့သည်။

ဝန်တွင်းကျေးရွာအုပ်စုတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့ထုတ်စိုက်ခင်းလျာထား ၅၁ ဧကတွင် ဆင်းသုခ (၃၁)ဧကနှင့် မှော်ဘီ-၂ ဧက(၂၀)စိုက်ပျိုးမည်ဖြစ်ပြီး မှော်ဘီ-၂(၂)ဧကနှင်ဆင်းသုခ(၁)ဧကတို့ စိုက်ပျိုးပြီးပြီဖြစ် သည်။ ကျန်ရှိသော စပါး မျိုးစေ့ထုတ်စိုက်ခင်း(၄၈)ဧကအားမိုးရွာသွန်းမှုမှ လုံလောက် သောမိုးရေချိန်ရရှိပါက ဆက်လက် စိုက်ပျိုး သွားမည်ဖြစ်သည်။

အဆိုပါ စပါးမျိုးစေ့ထုတ် စိုက်ခင်းများမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုးစပါးများကို အကျိုးဆောင် တောင်သူ များမှ အခြားတောင်သူများအား ဆက်လက်ဖြန့်ဝေပေးခြင်းဖြင့် နှစ်စဉ် မျိုးစပါးဝယ်ယူရေး အခက် အခဲများ အဆင်ပြေသွား မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဦးထံမှ သိရှိရသည်။

ချင်းကလေး(NRDC)