ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခရမ်း မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က ကျောင်းသား/ကျောင်းသူများ နေ့စဉ်စားသုံးနေသော အစားအစာများ စားသုံးရာတွင် လိုက်နာရမည့်အချက်များ၊ စားသုံးသူရေးရာအခွင့်အရေးများအား ရှင်းလင်း‌ဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဂိမ်းကစားပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ယှဉ်ကြပြီး အနိုင်ရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရမ်း (ပြန်/ဆက်)