မြောင်းမြ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြိုနယ်၊ တောင်ပေါ်စုကျေးရွာတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး သုခမေရီကုမ္ပဏီမှ အ.ထ.က တောင်ပေါ်စု ကျောင်းအုပ်ဆရာမကြီးထံသို့ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)