မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြောက်ဥက္ကလာပ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၆ ရက်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ယခုဖြစ်ပေါ်လျက်ရှိသော လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ  စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအနေဖြင့် လစဉ် "စုံ"ရက်နှင့် "မ"ရက် နံပါတ် အက္ခရာပါသော ယာဉ်များ စသည့် ပုဂ္ဂလိကပိုင်ယာဉ်များ မောင်းနှင်းအသုံးပြုကြရန်၊ (EV မော်တော်ယာဉ်များ နေ့စဉ်မောင်းနှင်းနိုင်ကြောင်း)နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ တက္ကဆီ၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းများ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ဆောင်ရွက်ထားရှိရာ အများပြည်သူများ လိုက်နာနိုင်ရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်နိုင်‌‌ရေး ဌာနဆိုင်ရာများအားအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်မည့်အခြေအနေများအား တင်ပြကြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)