ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများထံသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အမှတ် (၂) ရပ်ကွက်၊ တံတားလမ်းရှိ ရတနာကောင်းကင်ဆီဆိုင်နှင့် ငြိမ်းချမ်းဧရာဆီဆိုင်တို့အား အများပြည်သူများသို့ နေ့စဉ်ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ၊ ဆီဖြန့်ဖြူးနေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆီဆိုင်ပိုင်ရှင်များအား နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချစေရေး  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း