သာကေတမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

သာကေတ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ (၂)တောင်ရပ်ကွက်၊ မြင်တော်သာလမ်း၊ မြို့နယ်ဘောလုံးအားကစားကွင်းအတွင်းရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များက သာကေတမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူ (၁)ဦးလျှင် (၃) လစာထောက်ပံ့ငွေ (၆၀၀၀၀)ကျပ်နှုန်းဖြင့် နေရပ်စွန့်ခွာပြည်သူ (၁၁၈၄)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၇၁,၀၄၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ နေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့သည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း (၇၂ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သဲထက်ဇင် (ပြန်/ဆက်)