တောင်ဥက္ကလာပ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁၄) ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားပြီး တောင်ဥက္ကလာပမြို့နယ်တွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ် စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နို၀င်ဘာ၊ ဒီဇင်ဘာ (၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀) နှုန်းဖြင့် လူဦးရေ (၁၃၅၄) ဦးအတွက် ငွေကျပ်ပေါင်း (၈၁၂၄၀၀၀၀)တိတိကို အမျိုးသားသဘာ၀ဘေးဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ခင်ဆွေနှင်(ပြန်/ဆက်)