ဒဂုံဆိပ်ကမ်း မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ စုပေါင်းသွေးလှူဒါန်းပွဲကို အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြူကျော်၊ ရောဂါဗေဒအထူးကုဆရာဝန် ဒေါက်တာရဲဇာနည်ဝင်းနှင့် သူနာပြုများ၊ အကူသူနာပြုများ၊ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများက သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ကြသည်။ စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ဆရာ/မများနှင့် ဝန်ထမ်း (၆)ဦး၊ ကျောင်းသား/သူ (၁၄၂)ဦး၊ စုစုပေါင်း (၁၄၈) ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ (ဆိပ်ကမ်း)