မြန်အောင်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

မြန်အောင် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြို့မနေခြည်ဈေးရှေ့တွင် ယမန်နေ့ နံနက်က ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့ “World Consumer Rights Day”အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာအား မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်တို့က အမွှေးနံ့သာရည်များ ပက်ဖျန်းကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်အား လူစည်ကားသည့်နေရာများဖြစ်သည့် မြို့မနေခြည်ဈေး‌ရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)