ငါန်းဇွန် မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနရှိ စာဖြေခန်းများ၌ စာဖြေခုံများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ အလင်းရောင်ကောင်းမွန်စွာရှိနိုင်ခြင်း ရှိ/မရှိ၊ စာမေးပွဲဖြေဆိုနေစဉ် လျှပ်စစ်မီးများစီစဉ်ဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနနှင့် ပတ်ဝန်းကျင်မီးဘေးလုံခြုံရေး စနစ်တကျဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)