ဗိုလ်တထောင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများ ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်း

ဗိုလ်တထောင် မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အမှတ် (၁၀) ရပ်ကွက်အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ယနေ့နံနက် ၉ နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးကြရာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထိုကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်မှဦးဆောင်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုပညာရေးမှူးများ၊ အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီးတို့က တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာမေးပွဲဖြေဆိုမည့်အခန်းများအား တစ်ခန်းဝင်တစ်ခန်းထွက်အခန်းတိုင်းအား ခုံများစီစဉ်ထားရှိမှုနှင့် လျှပ်စစ်မီးချောင်းမီးလုံးများ လင်းအားကောင်းမကောင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်း