မအူပင် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှု မရှိစေရေးနှင့် မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိူးဋ္ဌေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မီးသတ်ဆေးဘူးထားရှိမှုများ၊ အရေးပေါ်မီးငြှိမ်းသတ်ရေးဆောင်ရွက်ထားရှိမှုများအားစစ်ဆေးပြီး၊ စက်သုံးဆီဖြည့်လျှင် လိုက်နာရမည့်စည်းကမ်းချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံနည်းလမ်းများစသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်