သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ တရားမဝင်ကုန်သွယ်မှု မရှိစေရေးစစ်ဆေး

သာပေါင်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ တရားမဝင်ကုန်သွယ်မှုမရှိစေရေး မတ်လ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့အဝင် ပိန္နဲကုန်းစစ်ဆေးရေးဂိတ်၌ စစ်ဆေး‌ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့တရားမဝင်ကုန်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်ကြရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ စားသုံးသူရေးရာဦးစီးမှူး ဦးထွန်းမင်းလတ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော (ပူးပေါင်းအဖွဲ့) မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ ယာဥ်/လမ်းအန္တရာယ်မရှိစေရေး သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာစေရေးတို့အား စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး