ဇလွန်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

ဇလွန် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံငွေများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရေးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ထောက်ပံ့ရေး ကော်မတီဥက္ကဋ္ဌဦးထွန်းထွန်းလင်းက ထောက်ပံ့‌ငွေများ‌ ချီးမြှင့်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း‌ ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ထောက် ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ဇလွန်မြို့နယ် အတွင်းရှိ နေရပ်စွန့်ခွာပြည်သူ (၂၄၆) ဦးတို့အား (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် တစ်ဦးလျှင်ထောက်ပံ့ချီးမြှင့်ငွေကျပ် (၆၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ချီးမြှင့် ငွေကျပ် (၁၄၇၆၀၀၀၀)အား နေရပ်စွန့်ခွာပြည်သူ များထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)