ဓနုဖြူ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်စေမည့်စနစ်အား ယာဉ်အသုံးပြုသူများ အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းကို ယနေ့ မတ်လ ၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်-ဟင်္သာတကားလမ်းပေါ်ရှိ မီးပွိုင့်လမ်းဆုံနှင့် မြို့ဝင်ဘုရားလမ်းတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စသည့်ပူးပေါင်းအဖွဲ့တို့မှ ရန်ကုန်-ဟင်္သာတ ကားလမ်းတစ်လျှောက်ဖြတ်သန်းမောင်းနှင်လာသော မော်တော်ယာဥ် (၃၈) စီး၊ မော်တော်ဆိုင်ကယ်(၅၆)စီး၊ စုစုပေါင်း (၉၄)စီးတို့အား စစ်ဆေးဆောင်ရွက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေ တာရေးနှင့်ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ခုနှစ် မတ်လ(၃)ရက်နေ့နှင့် (၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စက်သုံးဆီခြိုးခြံချွေတာစွာသုံးစွဲရေးအတွက် ပြည်သူသို့အသိပေး ကြေညာချက် အား မတ်လ(၇)ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ ပညာပေးကာလ အဖြစ်သတ်မှတ်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)