ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ရုပ်ရှင်ရုံဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့နယ်ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး

ဒဂုံအရှေ့ မတ် ၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၌ ပုဂ္ဂလိက ရုပ်ရှင်ရုံငယ်များဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ်ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေရတနာရုပ်ရှင်ရုံသို့သွားရောက် စစ်ဆေးကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်‌ဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်‌အေးမဉ္ဇူနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ကိုင်သူသည် လုပ်ငန်းလိုင်စင်ရှိ/မရှိနှင့် ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်း ရှိ/မရှိ၊ အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ရုံပြင်ပသို့ အလွယ်တကူထွက်နိုင်သည့်အခြေအနေ ရှိ /မရှိ၊ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်း စေရေးနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ၊ ရုပ်ရှင်ရုံများဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ