ကြည့်မြင်တိုင် မတ် ၉
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဆရာဦးလှသိန်းက သင်တန်းတွင် Grammarများ၊ အင်္ဂလိပ်ကဗျာများ၊ အင်္ဂလိပ်စာလုံးများစသည်တို့ကို သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းသို့ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၉ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)