ကမာရွတ်မြို့နယ်တွင် စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဥ်မောင်းနှင်သည့် One Stop Service စနစ်ဖြင့် အရေးယူဆောင်ရွက်မည့် ပညာပေးစစ်ဆေးဆောင်ရွက်

ရန်ကုန် မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၁၁) အချိန်မှစတင်၍ အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင် စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့်စနစ်အား One Stop Service စနစ်ဖြင့် အရေးယူဆောင်ရွက်မည့် ပညာပေးမော်တော်ယာဉ်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ ယာဥ်ထိန်းတပ်ဖွဲ့စု (၃၉) ကမာရွတ်မှ ဒုရဲမှူး မင်းမင်းနှင့် အဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး လက်ထောက်အုပ်ချုပ်ရေးမှူး ဦးစိုးပိုင်နှင့်အဖွဲ့ဝင်များ၊ ကမာရွတ်မြို့မရဲစခန်းမှ ဒုရဲအုပ် လှမျိုးနှင့်အဖွဲ့ဝင်များ၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်မှူး ဦးဇင်မင်းထွန်းတို့ဖြင့် အိမ်စီးကားနှင့်လုပ်ငန်းသုံး​မော်တော်ယာဉ် များအား ပညာပေးစစ်ဆေးဆောင်ရွက်ခဲ့သည်။

စိမ်းလဲ့(ပြန်ဆက်)