မင်္ဂလာတောင်ညွန့် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးသတိမူရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆော်ဩခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးတေဇာလင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂) ဦး၊ မီးငြှိမ်းသတ်ယာဥ် (၁) စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)