ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌  ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းဆောင်ရွက်

 ဒဂုံအရှေ့  မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်‌နေပြည်သူများအား တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မတ်၈ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း မီးလောင်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ  အမှတ် (၁၁၉) ရပ်ကွက်၊ ဦးမြူလမ်း၊ ဆရာစံလမ်း၊ စိန်ပန်းလမ်းနှင့် ပြည်ထောင်စုလမ်းရှိ အိမ်ခြေ(၁၀၀)အား တစ်အိမ်တက်ဆင်း  မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းတို့ကို ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင်ဝေထိုက် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)