ဒဂုံတောင် မတ် ၉
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မော်တော်ယာဉ်များ သတ်မှတ်ချက်နှင့်အညီ မောင်းနှင်ခြင်းရှိမရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုလမ်းမကြီး မြို့နယ်ပန်းခြံရှေ့တွင် ယမန်နေ့မွန်းလွဲ ၃ နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရတွင် ပူးပေါင်းအဖွဲ့က သတ်မှတ်ထားသော နံပါတ်များ မောင်းနှင်ခြင်း ရှိ/မရှိ သတ်မှတ်ရက်အတိုင်း လိုက်နာမောင်းနှင်ခြင်းမရှိသော ယာဉ်များအား အသိပညာပေးကာလဖြစ်သဖြင့် အသိပညာပေးပြောကြားပြီး အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားဆွေးနွေးကြောင်းနှင့် အသိပညာပေးကာလကို မတ်လ ၁၃ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သတင်းရရှိသည်။
သန်းသန်းအေး (ပြန်/ဆက်)