ဒေးဒရဲ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များမှာကြားခြင်းနှင့် စာဖြေသူများ လိုက်နာရမည့်စည်းကမ်းချက်များ ရှင်းလင်းမှာကြားခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က တက္ကသိုလ်ဝင်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး မြို့နယ်တာဝန်ရှိသူများက ဘက်ပေါင်းစုံက ဆောင်ရွက်ပေးလျက်ရှိရာ ဆရာ၊ ဆရာမများအနေဖြင့် မိမိကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များနှင့်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စာဖြေသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြစ်ဒဏ်များအား ရှင်းလင်းမှာကြားခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများကို ကြီးကြပ်ရေးမှူးများနှင့်တိုင်ပင်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရေးစသည့်လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မြို့ပေါ်နှင့် ကျေးရွာစာစစ်ဌာန (၅) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၁၇၁) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း