ကွမ်းခြံကုန်း မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လျှပ်စစ်ရေနွေးအို၊ ထမင်းပေါင်းအို၊ မီးပူ၊ နံရံကပ်မျက်နှာကျက်ပန်ကာ၊ လေအေးပေးစက်တို့တွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုခေတ်ကာလတွင် လျှပ်စစ်ပစ္စည်းသုံးစွဲမှုများလာသည့်အလျှောက် လျှပ်စစ်ပစွည်းများကို ယခုကဲသို့ စစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် အခြားကုန်စည်များတွင်လည်း ပါရှိရမည့် ကုန်အညွှန်အမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံကျန်းမာရေး (၃) ဦးထွန်းထွန်း၊ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)