ကြည့်မြင်တိုင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကြည့်မြင်တိုင် မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းသို့ ပြောင်း‌ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ် ၇ ရက်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ရုံးများတွင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်‌ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့၀င်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ထိုသို့ ပေးအပ်ရာတွင် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် (၃) လစာ ငွေကျပ် (၆၀၀၀၀/-) ကို တာ၀န်ရှိသူများက ပြည်သူများ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)