ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနတည်ရှိရာ မြို့မရပ်ကွက်နှင့် ကံကြီး/မကျီးရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး

ကွမ်းခြံကုန်း မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပြုလုပ်မည့်စာစစ်ဌာနတည်ရှိရာ မြို့မရပ်ကွက်နှင့် ကံကြီး/မကျီးရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုအား မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်မျိုးထွန်းဦးဆောင်မှုတို့ဖြင့် သန္ဓေတပ်ဖွဲဝင်များက လျှပ်စစ်ဝါယာကြိုးသွယ်တန်းမှု၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် အခြားသောမီးဘေးလုံခြုံရေးအသိပညာပေးခြင်းများအား တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများအား ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းထံမှ သိရသည်။

 ဆွေနွယ်(ပြန်/ဆက်)