မြန်အောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်အောင်      မတ်  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင် တန်းဖွင့်ပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦး‌နေမင်းထွန်းနှင့်အဖွဲ့ဝင် ဗိုလ်မှူးမင်းမင်းစိုးတို့က လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင်အချိန်ကို အကျိုးရှိစွာအသုံးချပြီး၊ မိမိတို့ဝါသနာပါရာ အားကစားကို  သင်တန်းပြီးဆုံးသည်အထိ ကြိုးစားလေ့ကျင့်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများနှင့် ဝတ်စုံများပေး အပ်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံး၊ ဘောလီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ် အားကစားနည်း (၇) မျိုးပါဝင်ပြီး ကျောင်းသား၊ကျောင်းသူ (၁၉၈)ဦးတက်ရောက်လျက်ရှိကြောင်းနှင့်  ၃၁-၃-၂၀၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)