သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

သုံးခွ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အမှာစကား ပြောကြားရာတွင် အခြားတိုင်းဒေသကြီး ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များသို့ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက်

နေရပ်စွန့်ခွာပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူ (၄၃) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် ၂၀၂၅ -ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃) လစာအတွက် စုစုပေါင်းငွေကျပ် (၂၅၈၀၀၀၀ိ/-) တိတိအား ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)