တိုက်ကြီး မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အကျိုးဆောင်စိုက်ပျိုးတောင်သူဦးကြီးများ၏ စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်လေ့လာ စိစစ်စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစီအစဉ်သို့ တိုက်ကြီးမြို့နယ်၊ တာခွ၊ ပုတ္တ၊ သရက်ချောင်း၊ ဂျိုးဖြူ၊ ရင်းတိုက်ကွင်း၊ ကျိုက်စကိုင်း စသည့် ကျေးရွာများမှ အကျိုးဆောင်တောင်သူ ၅၀ ဦး တက်ရောက်ကြပြီး ဗဟိုစိုက်ပျိုးရေးလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းမှ ဒေါက်တာ အေးအေးသွယ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်တို့က တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် စိုက်ပျိုးတောင်သူဦးကြီးများ၏ စိုက်ပျိုးနည်းပညာ လိုအပ်ချက်အခက်အခဲ အထွေထွေအား ဆန်းစစ်ကူညီပေးနိုင်ရန် လေ့လာစစ်တမ်းမေးမြန်းမှု အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)