တက္ကသိုလ်၀င်စာမေးပွဲ ​ကျင်းပမည့် အ.ထ.က (၂) လသာစာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

လသာ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အ.ထ.က (၂) လသာစာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့၀င်များက စာမေးပွဲဖြေဆိုကျင်းပနိုင်ရေး စာဖြေခန်းများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကျောင်းပတ်၀န်းကျင်သန့်ရှင်းရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်မှုဆိုင်ရာကိစ္စများအတွက် လိုအပ်သည်များအား ပေါင်းစပ်ကူညီဆာင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)