ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုဇွန်တောင် မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းနှင့် မဟာဗန္ဓုလတံတားပေါ်တို့တွင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ အမှတ် (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၌ ရေမြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မဟာဗန္ဓုလတံတားပေါ်တွင် အမှိုက်များရှင်းလင်းခြင်း၊ သဲဂဲများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောသဲဂဲများ၊ အမှိုက်နှင့် မြောင်းချေးများကို မော်တော်ယာဉ်ဖြင့် စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းမကြီးများရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် နေ့စဉ်ရှင်းလင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်