ဒဂုံ မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် နိုင်နိုင်ထွန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်သူရ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဒုတပ်ကြပ် တင်မင်းထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဦးဝိစာရလမ်းတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ရက်အလိုက် မောင်းနှင်ခြင်းမပြုသည့် မော်တော်ယာဉ်များအား နိုင်ငံတော်မှချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်စေရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)