ကျုံပျော်မြို့ ပါ‌မောက္ခ ဦးအေးမောင်လမ်းအား တစ်လမ်းမောင်းစနစ်အဖြစ် စတင်ပညာပေးဆောင်ရွက်

ကျုံပျော် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့တွင် ယာဉ်ကြောကြပ်တည်းမှု အန္တရာယ် ဖြေလျှော့နိုင်ရေးအတွက် မြဝတီရပ်ကွက်ရှိ ပါမောက္ခ ဦးအေးမောင်လမ်းအား တစ်လမ်းမောင်းစနစ်အဖြစ် စတင်ပညာပေးဆောင်ရွက်ခြင်းကို မတ်လ ၉ ရက်နံနက်က တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍ တစ်လမ်းမောင်းစနစ် ဆောင်ရွက်ထားရှိမှု၊  လမ်းညွှန်အမှတ်အသားများထားရှိမှုနှင့် ရက်သတ္တပတ် (၂)ပတ်ကြာ အသိပညာပေး ဆောင်ရွက်မည့် အခြေအနေအား လမ်းသွားလမ်းလာ ပြည်သူများအား  အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

တစ်လမ်းမောင်းစနစ်ဆောက်ရွက်သည့် ပါမောက္ခ ဦးအေးမောင်လမ်းသည် ကျုံပျော်မြို့မဈေး‌၏ လက်ဝဲဘက်တွင်ရှိပြီး၊ ဈေးရောင်းဝယ်သူများဖြင့်  နေ့စဉ်စည်ကား များပြားသောကြောင့် ယာဉ်အန္တရာယ်ကို လျှော့ချသည့်အနေဖြင့် ယခုကဲ့သို့ တစ်လမ်းမောင်းစနစ် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်လမ်းဘက်မှ စတင်ဝင်ရောက်နိုင်ပြီး၊ မြဝတီလမ်း၊ ရှစ်မြှောင့်ချိုးဘုရားလမ်းနှင့် ကန္နားလမ်းများသို့ ဆက်လက်သွားနိုင်ကြောင်းဖြင့် သိရသည်။

မြို့နယ်(ပြန်/ဆက်)