လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများတွေ့ဆုံရှင်းလင်းပွဲဆောင်ရွက်

လပွတ္တာ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ တွေ့ဆုံရှင်းလင်းပွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဝင်းတို့က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၂)ဦး၊ လက်ထောက်ကြီးကြပ်ရေးမှူး(၇၄)ဦး၊ ရုံးအဖွဲ့ဝင်(၅)ဦးတို့ တွေ့ဆုံရှင်းလင်းပွဲဆောင်ရွက်နေမှုများကို လာရောက်‌တွေ့ဆုံ အားပေးစကားပြောကြား၍ လိုအပ်သည်များလမ်းညွှန်မှာကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လပွတ္တာမြို့နယ်အနေဖြင့် စာစစ်ဌာန (၈) ခုတို့တွင် ကျောင်းတွင်း‌နှင့် ပြင်ပဖြေဆိုသူ ကျား(၅၉၂)ဦး၊ မ(၇၆၇)ဦး စုစုပေါင်း(၁၃၅၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)