ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးရွယ်အိုများအား သွားတု(အံကပ်)တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ လူနာများအား အထူးခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေး

ဟင်္သာတ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာ၏ ဦးဆောင်ပံ့ပိုးမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဟင်္သာတခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်၍ သက်ဆိုင်ရာ အထူးကုများ၊ တာဝန်ခံဆရာဝန်များ၊ သူနာပြုများက သက်ကြီးရွယ်အို သွားတု၊ အံကပ်တပ်ဆင်ပေးခြင်းကို  ကျား ၁၅ ဦး၊ မ ၁၀ ဦးစုစုပေါင်း (၂၅)ဦးတို့နှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ ကျား ၂၇ ဦး၊ မ ၁၂ ဦး စုစုပေါင်း (၃၉) ဦးတို့အား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)