ကော့မှူး မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာနှင့် တကူပုံကျေးရွာ များ၌ ကျေးရွာနေတောင်သူများနှင့်တွေ့ဆုံ၍ Fire Hostpot အကြောင်း အသိပညာပေးဆွေးနွေးခြင်းကို မတ်လ (၈) ရက်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများက တောင်သူများအနေဖြင့် နှစ်ရှည်သီးနှံပင်များအောက်တွင် ကော်ဖီပင်စိုက်ပျိုး ကြရန်၊ ဓာတ်မြေဩဇာကြွေးကျန်နှင့် Seeder ကြွေးကျန်များ အမြန်ဆုံးပြန်လည်ပေးဆပ်ကြရန်၊ Fire Hostpot အကြောင်းအသိပညာပေးခြင်း၊ အမှိုက်များနှင့် လယ်ယာမြေများ မီးမရှို့ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာများအတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုများအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)